မချမ်းဘော ဒီဇင်ဘာ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က မချမ်းဘောကျောင်းခန်းမ၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြန်မာစာနှင့်အင်္ဂလိပ်စာ၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နုတ်ဖြေစစ်ဆေးခြင်း၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများကို စစ်ဆေးသွားမည်ဖြစ်ပြီး မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲတွင် အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၂၃ ဦးတို့ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)