သတင်းများ

မိုင်းဖြတ်-မိုင်း​ယောင်းသွား ကားလမ်း​ပေါ်ရှိ​ မျက်ကွယ်​ကွေ့ ချဲ့ထွင်ခြင်းလုပ်ငန်းအား ကွင်းဆင်း ကြည့်ရှုစစ်​ဆေး
Dec 06,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစစ်​ရေး​​ကော်မတီ ဥက္ကဋ္ဌဦးညီညီ​အောင်နှင့် ကော်မတီဝင်များသည် ယမန်​နေ့နံနက်ပိုင်းက မိုင်းဖြတ်-မိုင်းယောင်းလမ်း (၁၃.၅)ကီလိုမီတာနှင့်(၂၅)ကီလိုမီတာကြားအတွင်း မျက်ကွယ်ကွေ့ (၇)နေရာတွင် ကွေ့ချဲ့ခြင်းလုပ်ငန်း ​ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ အမျိုးသမီးများ‌အပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာအကြိုလှုပ်ရှားမှု ကျား၊ မအခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေး သင်တန်း ကျင်းပ
Dec 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ‌အပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာအကြိုလှုပ်ရှားမှု ကျား၊မအခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေး သင်တန်းကို ယမန်နေ့နံနက် ၉နာရီအချိန်က ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Dec 06,2023
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်  ကျင်းပခဲ့သည်။
မလှိုင်မြို့၌ (၁ဝ၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Dec 06,2023
ပြန်ကြားရေးဝန်ကြီးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ  အခမဲ့ ထုတ်ဝေသော ၂ဝ၂၃ ခုနှစ် (၁ဝ၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/သူများသိရှိ လေ့လာနိုင်စေရန်အတွက် မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းနှင့် ဝန်ထမ်းများက ယမန်နေ့မွန်းလွဲ(၂)နာရီခွဲ အချိန်တွင် အ.ထ.က.(မြို့သစ်)ကျောင်းသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် စာစီစာကုံးကဗျာပြိုင်ပွဲ ကျင်းပ
Dec 06,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံးကဗျာပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ
Dec 06,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
ထန်းတပင်မြို့နယ်တွင် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသကာ တောင်သူအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Dec 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများစပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များနှင့် မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေရန်အတွက် ယမန်နေ့မွန်းလွဲပိုင်းက မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပေးခြင်းနှင့် တောင်သူအသိပညာပေးခြင်းလုပ်ငန်းကို တံတားဦးကျေးရွာတွင်ကျင်းပပြုလုပ်သည်။
မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၄)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။