ခိုလမ်မြို့(Community Centre)ခန်းမတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ခိုလမ် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ (Community Centre)ခန်းမတွင် အခြေခံပညာကျောင်းများနှင့်ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးလွှမ်းသူနောင်မှ ကျောင်းသား/သူများအနေဖြင့် စာပေလေ့လာသင်ကြားရုံတင်မက ဘက်စုံထူးချွန်ထက်မြတ်သော လူငယ်များဖြစ်စေရန်နှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ကို ကျောင်းသား/သူ(၂၀)ဦးခန့်တို့မှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ဆုနှင့်အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)