အထက်မင်းလှ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်(၁) ရုံးရပ်မြောက်ပိုင်းရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်ဦးစိန္တိတက အဖွင့်အမှာစကား မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့မှ ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ သာသနာ့ဗိမာန်ဂေါပကအဖွဲ့ဝင်များက သာသနာတော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိနိယစ္ဆယရေးရာကိစ္စရပ်များ၊ သာသနာရေးရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သာသနာတော်ဆိုင်ရာများနှင့်ပတ်သက်၍ လျှောက်ထားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူလာသည့် ဆရာတော်သံဃာတော်များက သာသနာတော်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်လျှောက်ထားတော်မူခဲ့ရာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်က လိုအပ်သည်များအား ဖြည့်စွက်မိန့်ကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)