စေတုတ္တရာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ‌ပြိုင်ပွဲ ဆက်လက်ကျင်းပ

စေတုတ္တရာ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အနာဂတ် ကျောင်းသား၊ ကျောင်းသူများ လူတော်၊ လူကောင်းများဖြစ်လာရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်ဖြင့် ပြည့်စုံ၍ ထူးချွန်ထက်မြတ်သော လူရည်ချွန်များပေါ်ထွန်းလာစေရန် ရည်ရွယ်ကာ‌ စေတုတ္တရာမြို့နယ် အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်း၊ အ.ထ.ခွဲ ကျောင်း (၆)ကျောင်း၊ အလယ်တန်း‌ကျောင်း (၉)ကျောင်းနှင့် အ.လ.ခွဲ ကျောင်း (၂)ကျောင်းတို့မှ မြို့နယ်အဆင့် လူရည်ချွန်‌စာမေးပွဲများကို အ.ထ.က(စေတုတ္တရာ)ကျောင်းတွင် ယ‌နေ့နံနက်ပိုင်းက ဆင်လက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ထို့နောက် မြို့နယ်အဆင့် လူရည်ချွန်‌စာမေးပွဲကို မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၄)ကျောင်း၊ အ.ထ.ခွဲ (၆)ကျောင်း၊ အလယ်တန်းကျောင်း (၉)ကျောင်းနှင့် အ.လ.ခွဲ ကျောင်း (၂)ကျောင်း စုစုပေါင်း ကျောင်း(၂၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုကြသူ Grade-9 (၃၇)ဦး၊ Grade-10 (၉)ဦး၊ Grade- 11 (၈)ဦးနှင့် Grade-12 (၂)ဦး စုစုပေါင်း (၅၆)ဦးတို့ ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို‌ ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာ (၅)ရက်မှစတင်ကာ ဒီဇင်ဘာ (၈)ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဗဟုသုတ၊ လူတွေ့နှုတ်ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းများအား စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)