သင်္ဃန်းကျွန်းမြို့နယ်တွင် (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန် ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရှိ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား၊ သင်တန်းသူများ အမျိုးသားရေးစိတ်ဓါတ်အမွေကို ခံယူထိန်းသိမ်းတတ်စေရေး လေ့လာမှတ်သားနိုင်ရန်အတွက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သည် (၇-၁၂-၂၀၂၃) ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ဆိုသည့် ရှေ့စာမျက်နှာနှင့် “အမျိုးသားရေးစိတ်ဓါတ်အမွေကို ဆက်လက်ခံယူ” ဆောင်းပါးပါကောက်နှုတ်ချက်၊ ၂၀၂၃-ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်များ၊ “အမျိုးသားရေးတာဝန်” ဆိုသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၁၇-၁၁-၂၀၂၂) ရက်နေ့ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကောက်နှုတ်ချက်၊ “အေးအတူပူအမျှ” ဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း (၂၀-၁-၁၉၄၆) ရက်နေ့၊ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံကြီးတွင် ပြောကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဋ္ဌာန်ပြုကြသောကျောင်းသားကြီး (၁၁) ဦး၏ အမည်များ၊ ဘိုမျိုး (ရွှေဘို) ၏ “အမျိုးသားနေ့မမေ့အပ်ရာ” ကဗျာ၊ “ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့်ဆောင်ပုဒ်များ စသည်တို့ပါဝင်သည့် လက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ကျောင်းသားလူငယ်၊ ပြည်သူများဖတ်ရှုနိုင်ရန်အတွက် အခမဲ့ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)