ကျိုင်းတုံတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၃ ပညာသင်နှစ် သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ကျိုင်းတုံ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ နေ့သင်တန်းများကို နိုဝင်ဘာ ၂၃ ရက်မှ စတင်၍ သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထိုသို့သင်ကြားရာတွင် ဘာသာရပ်ပေါင်းစုံ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှစ်များ၊ ဂုဏ်ထူးတန်းများ၊ မဟာအရည်အချင်းစစ်သင်တန်းများ ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)