ကွမ်းခြံကုန်း ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ကထင်းပုံဆိပ်ကျေးရွာ အ-မ-က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ စာဖတ်သည့် အလေ့အထရှိရေးအကြောင်း အရာများပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်းစားစွာ ဖတ်ရူလေ့လာခြင်းနှင့် ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူ (၁၁၀)ဦးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ဆွေနွယ်