လှည်းကူးပညာရေးဒီဂရီကောလိပ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

လှည်းကူး ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ဖွင့်လှစ်လျက်ရှိသော (၄) နှစ်သင်ပညာရေးဘွဲ့ ကျောင်းသား/ သူများနှင့် PPTT(၁၀/၂၀၂၃) သင်တန်းသား/ သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးပညာရေးဒီဂရီကောလိပ် ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားပြီး လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် (၄) နှစ်သင်ပညာရေးဘွဲ့ ကျောင်းသား/ သူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး  (၄) နှစ်သင်ပညာရေးဘွဲ့ ပထမနှစ် မောင်သစ်လွင်၊ မယ်သစ်လွင်များအား ရွေးချယ်ပြီး လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က မောင်မယ်သစ်လွင်များအား အထိမ်းအမှတ်စလွယ်နှင့် သရဖူများအား ချီးမြှင့်ပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ လှည်းကူးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ (၄) နှစ်သင်ပညာရေးဘွဲ့ ကျောင်းသား/ သူများနှင့်  PPTT (၁၀/၂၀၂၃) သင်တန်းသား/ သူများ စုစုပေါင်း (၈၁၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)