ညောင်ဦး ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနောက်ဖွားစောကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက ကလေးအလုပ် သမားပပျောက်ရေးနှင့်စာဖတ်ရှိန်မြှင့် ရေးနှင့်စာပေအကြောင်းကိုဟောပြောဆွေးနွေးကာ ဒုတိယဦးစီးမှူး ဒေါ်ဇင်ယုခိုင်က အမျိုး သားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများအား ပညာပေးဟောပြောဆွေးနွေးပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်ကလူငယ်နှင့် ဘက်စုံဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးရာ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များပြန်လည် မေးမြန်းဆွေးနွေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း၊ အသိ ပညာပေးဟောပြောပွဲ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များ၊ ကလးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးကင်းစင်ရေးနှင့် အမျိုးသားအောင်ပွဲနေ့ နံရံကပ်ပြဘုတ်များအား စိတ်ဝင်တစားကြည့်ရှုခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများမှ(၁၀၃)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း