ငွေဆောင် ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ် (၂၀၁) အခြေခံပညာမူလတန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်း လပြည့် ကျော်၁၀ရက်နေ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၃) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ငွေဆောင်မြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း မှ Grade – 5 ကျောင်းသား / သူလေးများ အား ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့်သမိုင်းကြောင်းတို့ကို အကျယ်တဝင့်ဟောပြောခဲ့သည်။ ထို့နောက် (၁၀၃) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ပြန်/ဆက်ဦးစီးဌာန၊ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းနှင့် ဝန်ထမ်းများက အဆိုပါကျောင်းမှဆရာ၊ ဆရာမများ၊ကျောင်းသား/သူများအား ဝေငှပေးခဲ့သည်။
အဆိုပါ အသိပညာပေးကမ်းစာစောင်တွင် ၂၀၂၃ခုနှစ်၊ (၁၀၃) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အေးအတူပူအမျှမိန့်ခွန်းကောက်နှုတ်ချက်၊ အမျိုးသားရေးတာဝန်နှင့် အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူမှုဆောင်းပါး၊ ပညာရေးမျှော်မှန်းချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုခဲ့ကြသောဘခင် (L.Aအထက်တန်း) အပါအဝင်ကျောင်းသားကြီး (၁၁)ဦးတို့၏ အမည်စာရင်းနှင့်၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၁၆)ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာမှအမျိုးသားနေ့မမေ့အပ်ရာကဗျာ…စသဖြင့် စိတ်ဝင်စားဖွယ်အကြောင်းအရာများနှင့် မှတ်တမ်းဓါတ်ပုံများ ပါရှိကြောင်း သိရသည်။
R – 014 (ငွေဆောင်)