မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း ပွင့်ဖြူမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဆိုလာနေရောင်ခြည်စွမ်းအင်သုံးစနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေပေးနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းသည် တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိသည့် ပွင့်ဖြူမြို့နယ် ရွာသာကြီးကျေးရွာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစနစ် လျှပ်စစ်ရေတင် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး စိုက်ပျိုးရေဖြန့်ဝေပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးနှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေးအတွက် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သည့် 215 KW ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ခြင်းလုပ်ငန်း(ရွာသာကြီးလျှပ်စစ်ရေတင်လုပ်ငန်း)သို့ ရောက်ရှိပြီး နေရောင်ခြည်စွမ်းအင်ဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးရေလုပ်ငန်း အဆင်ပြေစေရန် စိုက်ပျိုးရေဖြန့်ဝေပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက လျှပ်စစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေ ဖြန့်ဝေပေးနိုင်မှုပမာဏနှင့် ရေလေလွင့် ဆုံးရှုံးမှု ကင်းဝေးစေရန် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် အဓိကကျသည့် စိုက်ပျိုးစွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့် နေရောင်ခြည်စွမ်းအင်သုံး ရွာသာကြီးလျှပ်စစ်ရေတင်လုပ်ငန်းအား ဒေသခံတောင်သူများ ရာသီအလိုက် စိုက်ပျိုးရေဖြန့်ဝေပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဒေသခံတောင်သူများကလည်း သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးစွမ်းအားတိုးတက်ရေးအတွက် တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းလုပ်ကိုင်ကြရန်နှင့် စိုက်ပျိုးရေရယူသုံးစွဲရာ၌ ရေလေလွင့်ဆုံးရှုံးမှုမရှိအောင် အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အဖွဲ့သည် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့ရှေးဟောင်းသမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီးသို့ သွားရောက်၍ စေတီတော်ကြီးအား ဦးခိုက်ဖူးမြော်ကြည်ပြီး ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတိုင်များ ထွန်းညှိကပ်လှူပူဇော်ခဲ့ကြောင်း သတင်းရရှိပါသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)