သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်  ဒီဇင်ဘာ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ  တက်ရောက်ကြသည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က အမှာစကားပြောကြားရာတွင် ဒီဇင်ဘာလသည် အားကစားလရာသီဖြစ်သည့်အတွက် သက်ဆိုင်ရာ အား/ကာအဖွဲ့များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ အုပ်ချုပ်မှုပိုင်း၊ လုံခြုံရေးပိုင်းပေါင်းစပ်ရန်လိုကြောင်း၊ ပွင့်လင်းရာသီဖြစ်၍ ရုံးဥပတိရုပ်ကောင်းမွန်ရေး၊ ရုံးပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ရန်လိုကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်းနှင့် ပန်းခင်းစီမံချက်လုပ်ငန်းများ ဒီဇင်ဘာလကုန်အပြီး ဆောင်ရွက်ရမည်ဖြစ်၍ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုံခြုံရေးအထူးဂရုစိုက်ကြရန် ပန်းခင်းစီမံချက် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ခရိုင်စီမံကိန်းမှ ဒေါ်နီနီဦးက လုပ်ငန်းစီမံကိန်းဆောင်ရွက်မှုအခြေအနေများအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက မိမိတို့ခရိုင်အလိုက် မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)