မင်းလှ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေး ဟောပြော

မင်းလှ ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေး ဟောပြောခြင်းကို ဒီဇင်ဘာ ၆ ရက် နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန္ဒာအောင်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျောင်းသား/သူလေးများအား အသိပညာပေး ပြောကြားသည်။

ထို့နောက် အလယ်တန်းအဆင့် “တိုင်းပြည်တိုးတတ်ဖို့ အမျိုးသားရေးစိတ်ဓာတ်မြှင့်ကြစို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့ရာ အ.မ.က(လွန်)ဇေယျဝတီမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ၍ ဆုရရှိသူများကို ဆုများအသီးချီးမြှင့်ခဲ့ကြောင်း၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာ‌စောင်များ ခင်းကျင်းပြသထားရာ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ ကလေးငယ်များ ဖတ်ရှု့လေ့လာခဲ့‌ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)