အ-ထ-က ကျောင်းလမ်းသွယ် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်

ကွန်ဟိန်း ဒီဇင်ဘာ ၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကွန်ဟိန်းမြို့အတွင်းရှိ လမ်းများကောင်းမွန်ရေး၊ မြို့သန့်ရှင်းသာယာလှပစေရေး၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာမှု လွယ်ကူစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာန၏ ကြီးကြပ်မှုဖြင့် အမှတ် (၂) ရပ်ကွက်ရှိ စပ်စံထွန်းလမ်း၊ အ-ထ-က ကျောင်းသွယ်အား မြေလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ကွန်ဟိန်းမြို့ စပ်စံထွန်းလမ်း၊ အ-ထ-ကကျောင်းလမ်းသွယ် အဆင့်မြင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တတိယ (၃) လပတ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် (၁၈.၈) သန်းဖြင့် အရှည်ပေ ၅၂၀၊ အကျယ် ၁၂ပေ၊ ထု ၆လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)