ထန်းတပင်မြို့နယ်၌ မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် မျက်မှန်အခမဲ့ ဆောင်ရွက်ပေး

ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများအား အမြင်အာရုံကောင်းမွန်စေရန်အတွက် မျက်စိကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို တောင်ငူခရိုင်မျက်စိအထူးကုဆရာဝန် ဒေါက်တာဒေါ်ခင်ဝင်းမော် ဦးဆောင်သော ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မျက်စိကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် မျက်မှန်အခမဲ့ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံဝင်းအတွင်းရှိ လူနာစောင့်များ နားနေဆောင်တွင်  ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်မျက် စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ခင်ဝင်းမော်၊ မျက်မှန်ကျွမ်းကျင်ပညာရှင်များနှင့် မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများက ပြည်သူ (၄၇)ဦးအား မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မျက်မှန်တပ်ဆင်ရန် လိုအပ်သူများအား မျက်မှန်အခမဲ့ ပံ့ပိုးပေးခဲ့​ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)