ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (သစ်စိမ်းမြေဩဇာ) ပိုက်ဆံလျှော် စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

ငပုတော ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားစေရေး ကော်တီဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊  မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်သူနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ငပုတောမြို့ အနောက်ပိုင်းရပ်ကွက် ကွင်းအမှတ် (၁၃၈၈)၊ ဦးပိုင်အမှတ် (၉၉/၂)၊ တောင်သူဦးမြဝင်း၏  ရိုးပြတ်ကျန်လယ်မြေ (၃.၅၂)ဧကတွင် (သစ်စိမ်းမြေဩဇာ) ပိုက်ဆံလျော်မျိုးစေ့များအား စုပေါင်း စိုက်ပျိုးခဲ့ပြီး တာဝန်ရှိသူများအား အပင်များ စနစ်တကျ ရှင်သန်ကြီးထွားစေနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်စိုက်ပျိုးထုတ်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်သူဦးသောင်းရှိန်၏ လယ်မြေတွင် သီးထပ်ယဉ်မိုးစပါး ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးပြီး ကွင်းအမှတ် (၁၃၈၈)၊ ဦးပိုင်အမှတ် (၉၈/၄) တောင်သူ ဦးနိုင်ဝင်း၏ ရိုးပြတ်ကျန်လယ်မြေ (၃.၀၀)ဧကတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်)စိုက်ပျိုးရန် မြေပြင်နေမှုအား ကွင်းဆင်းကြည့်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတော)