တာမွေမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆောင်ရွက်

တာမွေ ဒီဇင်ဘာ ၁၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး နယ်မြေခရိုင် (၄)ခုရှိ မြို့နယ် (၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ပထမနေ့အဖြစ် ယနေ့ နံနက် (၁၀)နာရီအချိန်မှ မွန်းလွဲ ()နာရီအချိန်အထိ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်ရှိ  အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ ကျင်းပပြုလုပ်ခဲ့ရာ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာမွေမြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်၊ ဗျိုင်းရွာမရပ်ကွက်၊ မလွှကုန်း ဌေးကြွယ်(က)ရပ်ကွက်၊ နတ်ချောင်းရပ်ကွက်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ တာမွေကြီး(ခ)ရပ်ကွက်၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေလေးရပ်ကွက်၊ မာန်အောင်ရပ်ကွက်၊ မအူကုန်းရပ်ကွက် စသည့် ရပ်ကွက်ပေါင်း (၁၀)ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ (၂၈၀)ဦး၊ စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ (၄၅၀)ဦး တက်ရောက်လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ရှင်းလင်းပြသ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)