သတင်းများ

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Dec 11,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်း သား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိရာ  လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး  စာအုပ်စာစောင်များကို ယနေ့ နံနက် ၉ နာရီအချိန်က အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။
ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Dec 11,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက (အ.မ.က)  ဂွေးပင်ချောင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အောင်ပန်းမြို့ စာပန်းရိပ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Dec 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အောင်ပန်းမြို့ စာပန်းရိပ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုလောမြို့နယ်၌ အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ် စာအောင်ဆုသဘင်နှင့်စာတော်ဖြေ အခမ်းအနားကျင်းပ
Dec 11,2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ် စာအောင်ဆုသဘင်နှင့် စာတော်ဖြေအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုလောမြို့လယ်ဝိုင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
စမ္မရာဇကစေတီတော်ကြီးတွင် တင်လှူမည့်ထီးတော်၊ ငှက်မြတ်နားတော်နှင့်စိန်ဖူးတော်တို့ ညောင်ဦးမြို့သို့ ရောက်ရှိ
Dec 11,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဓမ္မရာဇကစေတီတော်ကြီး ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အသစ်တို့ လှူဒါန်းပူဇော်မည်ဖြစ်ရာ ထီးတော်ငှက်မြတ်နားတောင်နှင့်စိန်ဖူးတော်တို့ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်၌ ဓမ္မရာဇကစေတီတော် အနောက်တောင်ထောင့်တန်ဆောင်းတော်ကြီးအတွင်း ပူဇော်ခံရောက်ရှိနေပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
မိုင်းလွေကျေးရွာ၌ စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဟောပြော
Dec 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)နှင့် အဖွဲ့သည် မိုင်းလွေကျေးရွာအုပ်စု ပြည်သူများအား စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မိုင်းယောင်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မာန်အောင်မြို့တွင် လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းဆောင်ရွက်
Dec 11,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများကို ဒီဇင်ဘာ ၅ ရက် မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ရန်အောင်မြင်ရပ်ကွက်ရှိ မြို့မ အားကစားကွင်းအတွင်းတွင် ဆောင်ရွက်ခဲ့သည်။
မာန်အောင်မြို့ ထာဝရအဖြူရောင်သူငယ်ချင်းများအဖွဲ့မှ ဆန်အခက်အခဲရှိသော အခြေခံလူတန်စားမိသားစု (၅၀၀)တို့အား ဆန်ထောက်ပံ့လှူဒါန်း
Dec 11,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့ပေါ်(၅)ရပ်ကွက်အတွင်းရှိ ဆန်အခက်အခဲရှိနေသော အခြေခံလူတန်းစားမိသားစု (၅၀၀)တို့အား စားသောက်ရေးအဆင်ပြေစေရန်အတွက် “ထာဝရအဖြူရောင် သူငယ်ချင်းများအဖွဲ့”မှဆန်ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အ-ထ-က(ခွဲ)စျေးတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။