မြောင်းမြမြို့နယ်တွင် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဒိမဂ်စာမေးပွဲ ကျင်းပ

မြောင်းမြ ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ဦးစီးကျင်းပသော ပထမအဆင့် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဒိမဂ် စာမေးပွဲကို အ-ထ-က(၁) ကျောင်းခန်းမ၌ ဒီဇင်ဘာ(၉)ရက်‌နေ့မှ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲသို့ လူပုဂ္ဂိုလ်နှင့် သီလရှင်များဝင် ‌ရောက်ဖြေဆိုကြပြီး အဘိဓမ္မာ(ရိုးရိုး) ဖြေဆိုသူ (၄၈)ဦး၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) (၁)ဦးနှင့် ဝိသုဒ္ဓိမဂ်(၂)ဦး၊ စုစုပေါင်း (၅၁)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြသည်။ ယခုကျင်းပသည့် အဘိဓမ္မာ (ရိုးရိုး) စာမေးပွဲသည် (၇၁)ကြိမ်မြောက်၊ အဘိဓမ္မာ (ဂုဏ်ထူးဆောင်)စာမေးပွဲသည်  (၆၈)ကြိမ်မြောက်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲသည် (၆၆)ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ ပထမအဆင့်၊ ဒုတိယအဆင့် တတိယအဆင့် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကို ဒီဇင်ဘာ (၉ရက်နေ့မှ၁၁ရက်) နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)