ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်၊ ဝိသုဒ္ဓိမဂ္ဂ်စာ‌မေးပွဲ ကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူး၍ သာသနာတော်ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်၊ ဝိသုဒ္ဓိမဂ္ဂ် စာ‌မေးပွဲ တတိယနေ့ကို ယနေ့နံနက် ၉ နာရီက (၃၈)ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်ရှိ သဗ္ဗမင်္ဂလကျောင်းတော်ကြီးတွင် ကျင်းပ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ္ဂ်စာ‌မေးပွဲကို အဆင့်သုံးဆင့်ဖြေဆိုရမည်ဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့မှစတင်၍ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ကျင်းပခြင်းဖြစ်ပြီး စာမေးပွဲဖြေဆိုသူ ပထမအဆင့်တွင် (၁၅)ဦး၊ ဒုတိယအဆင့်တွင် (၁၂)ဦး၊ တတိယအဆင့်တွင် (၁၂)ဦး၊ စုစုပေါင်းလူပုဂ္ဂိုလ် (၃၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ရပ်ကွက်တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ