ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ဗဟန်း ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ အလယ်​ရွှေဂုံတိုင်ရပ်ကွက်၊​ခြောက်ထပ်ကြီး ဘုရားကြီးတိုက်သိမ်​တော်ကြီးတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲမှ ၁၂ နာရီခွဲထိ ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာနီနီ​သော်နှင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်အတွင်း အသက် (၁၈)နှစ်နှင့်အထက်ရှိသူများ၊ ပထမအကြိမ်ထိုးနှံပြီး ဒုတိယ၊ တတိယ၊ စတုတ္ထအကြိမ် ထိုးနှံရန်ကျန်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ထိုးနှံခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာ တွင်ကာကွယ်ဆေး (၁) လုံးလျှင် လူ(၂)ဦးနှုန်းဖြင့် ဆေးလုံးရေ (၆၁) လုံးအား သံဃာ (၁၆)ပါး၊ ကျား(၇၃)ဦး၊ မ(၃၃)ဦး၊ စုစုပေါင်း (၁၂၂)ဦးတို့အား Sinovac ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအား ဗဟန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်​ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှုးနှင့် အဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်