ညောင်ဦးမြို့၌ ၂၄ နာရီ Helpline ဝန်ဆောင်မှုအသိပညာပေး ပိုစတာစိုက်ထူခြင်း ဆောင်ရွက်

ညောင်ဦး ဒီဇင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၄ နာရီ Helpline ဝန်ဆောင်မှုအသိပညာပေး ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရုံးရှေ့ ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်းမကြီးဘေးတွင် စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၄ နာရီ Helpline ဝန်ဆောင်မှုအသိပညာပေး ပိုစတာတွင် ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာ ရရှိစေမှုနှင့် အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ ကျားမအခြေပြု အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ ကျားမအခြေပြု အကြမ်းဖက်မှု၊ ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များ တိုင်းကြားမှုကိစ္စရပ်များကို ဥပဒေအရ စိစစ်အရေးယူ ဆောင်ရွက်နိုင်ရေး အကူအညီပေးသွားမည့် အချက်အလက်များ ပါဝင်ကြောင်း သိရသည်။

ဆိုင်းဘုတ်စိုက်ထူရာတွင် ညောင်ဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းတို့က ၂၄ နာရီ Helpline ဝန်ဆောင်မှု အသိပညာပေး ပိုစတာစိုက်ထူခဲ့ကြကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ဒီပါလင်း