ကျောက်ဆည်မြို့နယ် လက်ပံပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျောက်ဆည် ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်းပြီး အခြေခံပညာကျောင်းများတွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ပံပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီက အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် လက်ပံပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မိုးစန္ဒာကျော်က အလိမ္မာစာမှာရှိဆိုသည့်အတိုင်း လိမ္မာသူတိုင်းသည် စာပေဖတ်ရှုသူများ ဖြစ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပစာပေများကို အချိန်ရှိသရွေ့ ရှာဖွေဖတ်ရှုသွားကြရန်နှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျန်းမာခြင်းသည် လာဒ်တစ်ပါးဖြစ်သည့်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးများကို ကျောင်းသား/ကျောင်းသူများ နေ့စဉ်ဆောင်ရွက်သွားကြရန်နှင့်  စာပေဖတ်ရှုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသ စာအုပ်များ ဖတ်ရှုလေ့လာကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)