ခိုလမ်မြို့ (Community Centre) ခန်းမတွင် စာပေဝါသနာရှင်လူငယ်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

ခိုလမ် ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ (Community Centre) ခန်းတွင် စာပေဝါသနာရှင် လူငယ်များမှ စာရေးဆရာ‌ ချစ်နိုင် (စိတ်ပညာ) ၏ `` လူငယ်နှင့်အခွင့်အလမ်း ´´စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့​ပါသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးလွှမ်းသူနောင်မှ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို  ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် စာပေဝါသနာရှင် မောင်သောင်းဝင်းထွန်းမှ (၁) လူငယ်နှင့် အခွင့်အလမ်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ မမိုးချစ်သဇင်ထွေးမှ (၂) အဆိုးနှင့် အကောင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မယမင်းသော်မှ (၃) အောင်မြင်မှုရယူခြင်းစသည့်ခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထိုသို့ စာဖတ်ဝိုင်းများကျင်းပခြင်းဖြင့် စာပေဖတ်ရှုသူတိုးပွါးလာစေရန်၊ အားလပ်သောအချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ အသိပညာဗဟုသုတများ ဖလှယ်သည့် အလေ့အကျင့်ကောင်းများ တိုးပွါးလာစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး စာပေဝါသနာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)