စလင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာ့ရက္ခိတအသင်းကြီးမှ (၁၆) ကြိမ်မြောက် ပါဠိအာဂုံစာပြန်ပွဲကို ဒုတိယနေ့ကျင်းပ

စလင်း ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာ့ရက္ခိတ စာတော်ပြန်ပွဲ အသင်းကြီးမှ ကြီးမှူးကျင်းပသော ၁၃၈၅ ခုနှစ် (၁၆) ကြိမ်မြောက် ပါဠိအာဂုံစာပြန်ပွဲ ဒုတိယနေ့ကို ယမန်နေ့ မွန်းတည့် (၁၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ထေရဝါဒဗုဒ္ဓသာသနာ့ရက္ခိတ အသင်းကြီးမှ (၁၆) ကြိမ်မြောက် ပါဠိအာဂုံစာပြန်ပွဲ ကျင်းပပြုလုပ်နေမှု အခြေအနေများကို စာပြန်ပွဲကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အရှေ့သဲကုန်း သုံးထပ်ကြောင်းဥက္ကဋ္ဌ ဆရာတော် သာသနာ့ရက္ခိတ စာတော်ပြန်ပွဲအသင်း ဘဒ္ဒန္တစန္ဒောဘာသနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ မြို့နယ်သာသနာရေးမှူးရုံးခွဲ စလင်းမြို့နယ်မှ သာသနာရေးမှူး ဦးစီးအရာရှိ ဦးမင်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ စာပြန်ပွဲကို ပေါင်းနားရပ်ကွက် လက်ပံပင်ကျောင်းတိုက် ရတနာဃရဓမ္မာရုံကြီး၌ ဒီဇင်ဘာ (၁၂) ရက်နေ့မှ ဒီဇင်ဘာ (၁၄) ရက်နေ့အထိ သုံးရက်တိုင် ကျင်းပနေခြင်းဖြစ်ပြီး ဒီဇင်ဘာ (၁၃) ရက်နေ့ ယနေ့စာပြန်ပွဲ ဒုတိယနေ့တွင် စလင်းမြို့နယ် စာဖြေဌာနမှ ရဟန်း၊ သာမနေ၊ သီလရှင်ဆရာလေး၊ စုစုပေါင်းစာမေးပွဲစာ ပြန်ဖြေဆိုသူ (၃၅) ပါး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

(မောင်လွင်)စလင်း