ခိုလမ်မြို့၊ အ-ထ-ကကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

ခိုလမ် ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။

အဆိုပါ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲတွင် အ-ထ-က ကျောင်းမှ ဒု/လယ်ပြ ဒေါ်ခင်ဘီဘီနိုင်က ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်ကို ပြောကြားခဲ့သည်။ ယင်းနောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ တစ်မျိုးသားလုံး၏ ရရာလက်နက်စွဲ ကိုင်၍တော်လှန်ခဲ့ကြပုံများ၊ လွတ်လပ်ရေး၏တန်ဖိုးများကို ဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူ (၃၀၀) ဦးခန့်တို့က စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)