မိုင်းခတ် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သည့် မိုင်းခတ်မြို့နယ် အောင်မိုးဟိန်းလမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ) မှ ဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦးနှင့်အဖွဲ့သည် မိုင်းခတ်မြို့နယ် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် မိုင်းခတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၂၅.၄၂၆) သန်းဖြင့် လမ်းအရှည် (၃၀၀) ပေ၊ အကျယ် (၁၈) ပေ၊ ထုထည် (၆) လက်မရှိသည့် အောင်မိုးဟိန်းလမ်းအား ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို စစ်ဆေးပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လမ်းအပိုင်းအား စစ်ဆေးကြည့်ရှုရာ မိုင်းခတ်မြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအားဝေက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)