ငါးသိုင်းချောင်းမြို့တွင် အသက် (၇၀)နှင့်အထက်အဘိုးအဘွားများအား ကျန်းမာရေးစောင့် ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်

ငါးသိုင်းချောင်း  ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့် အထက် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းကိုယနေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန်ဒေါက်တာ သန့်ဇော်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့်အလှူရှင်များမှ အာဟာရများကျွေးမွေးလှူဒါန်းခဲ့ကြသည်။ အဆိုပါအသက်(၇၀)နှစ်အထက် အဘိုးအဘွားကျန်းမာရေးစောင့်ရှောက်မှုကို ငါးသိုင်းချောင်းမြို့တွင် ဗုဒ္ဓဟူးနေ့တိုင်းဆောင်ရွက်လျက်ရှိပြီး( ၂၁)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းသိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)