ငပုတောမြို့ အမှတ် (၁)အ‌ခြေခံပညာ အလယ်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ငပုတော ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့အမှတ် (၁)အ‌‌ခြေခံပညာ အလယ်တန်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနနှင့် လူငယ်ရေးရာနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူး‌ပေါင်း၍ လူငယ်ရေးရာ  အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ လူငယ်များ ဗလငါးတန် ‌ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်သော လူငယ်များ ဖြစ်ပေါ်လာစေရေး အတွက် စာပေဗဟုသုတများကို ဖတ်ရှုလေ့လာရန်လိုကြောင်း ပြောကြားပြီး မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယွန်းရွှေမြင့်က အားကစားနှင့် ပတ်သတ်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်စန်းက စားသုံးသူများ သိသင့်သိထိုက်သော အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရပ်ကပ်စာစောင်များနှင့် စာအုပ်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)