ဘီးလင်း ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့၊ အ.ထ.က(ဘီးလင်း)ကျောင်း၌ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမားရေးစစ်ဆေးပေးရာတွင် ဘီးလင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမဒေါ်ခင်ခင်မြင့်နှင့်ကျန်းမာရေးဝန်ထမ်းများက မူလတန်းကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦးခန့်အား တစ်ကိုယ်ရည်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မျက်စိဝေဒနာစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)