ကြံခင်းမြို့ အ.ထ.က (၂) ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကျင်းပ

ကြံခင်း ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ အ.ထ.က (၂) ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် အ.ထ.က (၂) ကျောင်းအုပ်ဆရာမကြီးဒေါ်နွဲ့နွဲ့ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက်၊ မြို့နယ် မြို့မရဲစခန်း မှဒုရဲအုပ်အောင်အောင်က မူးယစ်ဆေးဝါးသုံးစွဲပါကဖြစ်ပေါ်လာနိုင်သောဆိုးကျိုးအန္တရာယ်ဆိုင်ရာအချက်များအားလည်းကောင်း၊ ဒုရဲအုပ်ဝိုင်းသဉ္ဇာထွန်းက မူးယစ်အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာများနှင့် ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေးရှင်းလင်း ဟောပြောပါသည်။

ဟောပြောပွဲသို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်နွဲ့နွဲ့ဝင်၊ ဆရာ/ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)