ကော့သောင်းမြို့တွင် တိုင်းရင်းဆေးပညာအကြာင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကော့သောင်း ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာအကြာင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခန့်က ပိတောက်ရွှေဝါရပ်ကွက်ရှိ နဝရတ်အား ကစားခန်းမတွင် ပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ အ.ထ.က (ခွဲ) အ.လ.က-၂ ကျောင်းမှ ကျောင်းသား၊သူများ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးက  တိုင်းရင်းဆေးပညာ၏ အဓိပ္ပါယ်နှင့် တိုင်းရင်းဆေး၏ သဘောသဘာဝများကို ရှင်းလင်းပြောကြားပြီး၊ ရောဂါဖြစ်ရခြင်းအကြောင်း၊ ရောဂါမဖြစ်အောင် ပြုမှုနေထိုင်ရမည့် အချက်များ၊ ရာသီအလိုက် ဖြစ်တတ်သော ရောဂါများ၊ ကလေးများတွင် ဖြစ်တတ်သည့် ရောဂါနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများအား ရှင်းလင်းဟောကြားခဲ့သည်။ ထို့ပြင် မီးဖိုချောင်သုံး ဆေးဖက်ဝင်ပစ္စည်းများနှင့် အရသာ()ပါး အကျိုးနှင့်အပြစ်ဖြစ်ပုံပြုပုံအကြောင်း၊ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများအား ဗဟုသုတဖြစ်ဖွယ် အသိပညာပေး ဟောပြောခဲ့သည်။
မြန်မာတိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ရည်ရွယ်၍ တိုင်းရင်းဆေးပညာ အသုံးဝင်ပုံနှင့် ရရှိမည့် အကျိုးကျေးဇူးများအကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)