ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များရောင်းချပေး

နေပြည်တော် ဒီဇင်ဘာ ၁၄

နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံး နိုင်ရေးအတွက် ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ရုံးအမှတ် ၂၃ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ရောင်းချပေးခဲ့သည်။

အဆိုပါစားသောက်ကုန်များ ရောင်းချရာတွင် ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည့် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ပြင်ပပေါက်ဈေးထက် သက်သာသဖြင့် ဝန်ထမ်းများ ဝယ်ယူမှုများပြားကြောင်း၊ ဆက်လက်၍ နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)