ညောင်ဦး ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အနောက်ပလင်းကျေးရွာ၌ စက်ဖြင့်ထုတ်လုပ်နေသည့် အရည်အသွေးကောင်း စက်ရိုက်အုတ်နီများ ထုတ်လုပ်ရောင်းချနေကြောင်း ဇော်ညီအကိုစက်ရိုက်အုတ်လုပ်ငန်း လုပ်ကိုင်သည့်မိသားစုထံမှ သိရသည်။
အဆိုပါ စက်ရိုက်အုတ်နီများအား (၁၂)နှစ်လုံးချလှီးဖြတ်စက်ဖြင့် လှီးဖြတ်ကာ (၁၂) နှစ်လုံးဆံ့ပျဉ်ပြားဖြင့်ခံယူပြီး နေလှန်းသည့်နေရာသို့ လက်တွန်းလှည်းဖြင့်ပို့ပေးကြောင်း အုတ်ရိုက်စက်ထဲထည့်နိုင်ရန်အတွက် ကန်မြေများ ဝယ်ယူစုဆောင်းထားကြောင်း ကန်မြေသားဖောကားတစ်စီးတိုက်လျှင် နှစ်သောင်းကျပ်ပေးဝယ်ရကြောင်း၊ ထိုမြေသားအား အစိုဓာတ်ဖြစ်စေရန် ရေဖြန်းပေးထားရကြောင်း၊ မြေသာစိုအား အုတ်ရိုက်စက်ဇလားထဲသို့ထည့် ပေးခြင်း၊ စက်ဖြင့်မြေသားမွချေသောကြောင့် မြေသားညက်နေကာ သိပ်သည်းမှုအားကောင်းသည့်အတွက် အရည်အသွေးပိုမိုကောင်းကြောင်း၊ ထုတ်လုပ်သည့်အုတ်များအား အလျားကိုလက်မ၊ ထုသုံးလက်မ တစ်မျိုးထဲသာ ထုတ်လုပ်ရောင်းချကြောင်း သိရသည်။ အုတ်များအား နှစ်ရက်သုံးရက်နေလှန်းပြီးလျှင် မီးဖုတ်ကာ ရောင်းတန်းဝင်အုတ်အဖြစ်ရောက်ရှိကြောင်းသိရပြီး စက်ရိုက်အုတ်နီခဲတစ်ခုလျှင် အများဈေး (၁၇၀)ကျပ်ရောင်းချကြောင်း၊ အဆိုပါစက်ဖြင့် တစ်နာရီလျှင် အုတ်ရေ (၃၀၀၀)ခန့် ထုတ်လုပ်နိုင်ပြီး အုတ်လုပ်သားများလည်း အယောက် (၃၀)ခန့် နေ့စဉ်အလုပ်ပေးထားနိုင်ကြောင်း လုပ်အားခအနေဖြင့် အုတ်ခဲတစ်လုံး (၅၀) ကျပ်ပေးရကာ အုတ်ထွက်သည့်အပေါ်မူတည်ပြီး ကျသင့်ငွေရှင်းပေးရကြောင်း၊ စက်ရိုက် အုတ်ထုတ်လုပ်ရောင်းချခြင်းကြောင့် ကျေးရွာထဲရှိ ကျေးရွာသူ/သားများ အလုပ်အကိုင်ပေးထားနိုင်ကာ အုတ်လုပ်ငန်းရှင်လည်းအဆင်ပြေကြကြောင်း၊ အနောက်ပုလင်းကျေးရွာတွင် စက်ရိုက်အုတ်၊ လက်ရိုက်အုတ် နှစ်မျိုးလုံး ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း