ယမ်းတွင်းငါးကြောင်အုပ်စု၊ ပင်ဖြစ်ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်
Dec 14,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ ယမ်းတွင်းငါးကြောင်အုပ်စု ပင်ဖြစ်ကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူပညာပေးစိုက်ခင်းအား တစ်ဧက စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများတက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါ စပါးစံကွက် ရိတ်သိမ်းပွဲတွင် စပါးတင်းပေါင်း (၁၂၂) တင်းထွက်ရှိကြောင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံကသိရသည်။