တောင်သာ ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာပေါင်း(၁၀)ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇဂျမ်းအုပ်စု၊ ကြည်အိုင်ကန်တောတိုက်ကျေးရွာတွင် ၄ လက်မခွဲ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ရေတွင်း ၄ လက်မခွဲအကျယ် အနက်ပေ ၄၀၀ တူးဖော်ခြင်းလုပ်ငန်းကို VDP စီမံကိန်းရန်ပုံငွေ ကျပ်သိန်းကျပ်သိန်း ၁၅၀၊ ပြည်သူလူထုထည့်ဝင်ငွေ ၄၁သိန်း ၇သောင်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျေးရွာလူထုကိုယ်တိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ "စီမံကိန်းနဲ့ ဆောင်ရွက်တာ စက်ရေတွင်း၊ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ Pump နဲ့ Motor ၊ အင်ဂျင်နဲ့ ဒိုင်နမိုရယ် စတဲ့ပစ္စည်းတွေ၊ ရေထွက်တဲ့အထိပေါ့ဗျာ အဲဒါတွေလုပ်နိုင်ခဲ့တယ်၊ ရေထွက်နူန်းကလည်း တစ်နာရီ ဂါလံ ၂၀၀၀ ထွက်တယ်၊ ကျနော်တို့ရွာအတွက်တော့ သောက်သုံးရေမပူရတော့ဘူးပေါ့ဗျာ၊ တဆက်တည်း ရေစက်ရုံကိုလည်း ကျနော်တို့ရွာအားလေးနဲ့ဆောက်ပြီးပြီး၊ အခု အမြင့်တင်ရေစင်ဆောက်ပေးမဲ့ အဝေးရောက် အလှူရှင်ပေါ်လာတော့ ကျနော်တို့ဆက်လုပ်နေပါတယ်၊ ဌာနနဲ့ပြည်သူ ပူးပေါင်းဆောင်ရွက်တဲ့အောင်မြင်မှုပေါ့ဗျာ၊ ဘာပဲဖြစ်ဖြစ် နွေရာသီမှာသောက်သုံးရေ အခက်အခဲဖြစ်တဲ့ ကျနော်တို့ရွာလေးကို ဒီ VDP စီမံကိန်းချပေးပြီး စက်ရေတွင်းတူးဖော်အောင်မြင်ခဲ့လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းတွေကို ကျေးရွာကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်" ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်တင်မာဌေး ပြောပြခဲ့ပါသည်။
ကျော်မျိုးနိုင်(တောင်သာ)