တောင်ကုတ် ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ အရည်အသွေးမြင့်မားရေးအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲကျင်းပရာသို့ အခြေခံပညာအလယ်တန်းကျောင်း(သိမ်တောင်)မှ Grade-3 ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးက စိတ်ကြိုက်ရုပ်ပုံများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများသို့ မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန်းနုနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်ဇာလင်း တို့က ဆုများချီးမြှင့်ပေးကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးသည် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများနှင့်ပြပွဲများခင်းကျင်းပြသခြင်း၊ ပြိုင်ပွဲများ ကျင်းပပေးခြင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်