အမာ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ အနောက်မရမ်း ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက် (၁၁)နာရီအချိန်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့ကြောင်း သိရ သည်။
ကလေးအလုပ်သမားပ ပျောက်ရေးအသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းများနှင့် စာပေဖတ်ရှုခြင်း အကျိုး ကျေးဇူးများအကြောင်းများကို ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများ စာအုပ်စာပေကို ချစ်မြတ်နိုးစွာ ဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍ ပုံပြင်စာအုပ်များ ပြသဖတ်ရှုစေရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။
အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာပေ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန် အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ် စာစောင်များ ပြသခြင်းနှင့် စာအုပ်ပြပွဲများကို လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမာ(ပြန်/ဆက်)