မန္တလေးတက္ကသိုလ်၌ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်" အခမ်းအနား ကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ "တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်" အခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်းဝ(၉)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သက်ထားဆွေက မိမိဝန်ကြီးဌာနအား မိတ်ဆက်ပေးပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်သန်းသန်းညိုမှ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊နည်ဥဒေများနှင့် လူအခွင့်အရေးအကြောင်း ရှင်းလင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်ကျော်ဦးမှ လူငယ်ရေးရာအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းမှ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်ငြိမ်းနုဝေမှ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းကောက်ယူခြင်းအချက်များအားရှင်းလင်းပြောကြားခြင်းနှင့် ဝန်ထမ်းများမှ စစ်တမ်းကောက်ယူဆန်းစစ်‌ ဖြေဆိုခြင်းများ ‌ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်သန်းသန်းညိုနှင့်တာဝန်ရှိသူများ၊ ဌာဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ဒုတိယ ပါမောက္ခချုပ်များနှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး) ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့သည်။

အောင်ဇော်မင်း