သတင်းများ

ဆိပ်ဖြူမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ
Dec 15,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်း၌ ကျင်းပသည်။
အိမ်မဲမြို့နယ်တွင် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် ATOM မှ ဆင်းရဲနွမ်းပါးသော ပြည်သူများအား ဆန်နှင့် ခေါက်ဆွဲခြောက်များ လှူဒါန်း
Dec 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ ဆင်းရင်းနွမ်းပါးသော ပြည်သူများအား ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သော ATOM မှ ဆန်နှင့်ခေါက်ဆွဲခြောက်များကို ယနေ့နံနက် (၉)နာရီ (၃၀)မိနစ်တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 15,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့၌ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြော
Dec 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာလျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မိုင်းလွေကျေးရွာ၊ အောင်မြင်ကျေးရွာနှင့် ဝမ်ဘန်းကျေးရွာတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် သဘာဝဘေးအန္တရာယ်နှင့် တုံ့ပြန်ဆောင်ရွက်‌ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 15,2023
စစ်ကိုင်းခရိုင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဟောပြာပွဲကို ယနေ့နံနက် (၈)နာရီ (၃၀)မိနစ်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အမ်းမြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ
Dec 15,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို အမှတ် (၁) အ.ထ.က ပညာရတနာခန်းမတွင် ယနေ့နေ့လယ်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကြီးကြပ်ရေးကော်မတီမှ ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်
Dec 15,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက အောင်လံမြို့ စမ်းချောင်းရပ်ကွက် အောင်လံ-ပြည်ကားလမ်းမပေါ် အ.ထ.က(၁) ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။
လဲချားတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Dec 15,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။