မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း အားကစားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျင်းပပြုလုပ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကို ယမန့်နေ့မွန်းလွဲ ၃ နာရီခွဲက အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်/ ကျေးရွာအုပ်စုတို့မှ စုစုပေါင်း ၁၆ သင်းဖြင့် ၄ သင်း၊ ၄ အုပ်စုဖြင့် ပြိုင်ပွဲကို ကျင်းပလျက်ရှိရာ ပြိုင်ပွဲကာလမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)