ကျောက်ဆည်မြို့တွင် ခရိုင်လုံဆိုင်ရာ ရွှေကျင်နိကာယ ဝိနည်းစာပြန်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ  ၁၅

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျောက်ဆည်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနည်းစာပြန်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ဝိနည်းစာပြန်ပွဲစည်ကားသိုက်မြိုက်စေရေး ကျောက်ဆည်မြို့ အဝင်ကား လမ်းမကြီးများတွင် ဝိနည်းစာပြန်ပွဲ ပြုလုပ်မည့် နေ့ရက်၊အချိန်၊နေရာများပါသည့် မုဒ်ဦးများ ပြုလုပ်ရန်နှင့် ပင့်သံဃာတော်များအား ဝတ္ထုအလှူငွေနှင့် လှူဘွယ်ပစ္စည်းများဆပ်ကပ်နိုင်ရေး၊ ဆွမ်းကွမ်းကပ်လှူနိုင်ရေး လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲသို့ တက်ရောက်လာသည့် တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆေးနွေးခဲ့ကြောင်း သိရသည်။  

ရွှေကျင်နိကာယဝိနည်း စာပြန်ပွဲကို ကျောက်ဆည်မြို့ မဟာဂန္ဓာရုံ ပရိယတ္တိစာသင်တိုက်တွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်မှ ၂၀၂၄ခုနှစ် ဇန်ဇနဝါရီလ(၁)ရက်နေ့အထိ(၃)ရက်အကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ သံဃာ တော် (၄၅၀) ပါးကျော် ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်းနှင့် စာပြန်ပွဲကျင်းပပြုလုပ်ခြင်းများနှင့်အတူ တရားပွဲများလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)