ပုသိမ်ကြီး ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများသည် မြို့နယ်တွင်း သမဝါယမအသင်းစုငွေများဖြင့် သွင်းအားစုပံ့ပိုးပေးထားသော စိုက်ပျိုးထားသည့်မိုးစပါးများ ရိတ်သိမ်းမှုအခြေအနေများကို ယနေ့နံနက် ၁၀ နာရီက ရွာသစ်ကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုကြသည်။
အဆိုပါကျေးရွာရှိ ရွာသစ်လယ်ယာနှင့် အထွေထွေသမဝါယမအသင်းမှအသင်းဥက္ကဋ္ဌ ဦးသန်းဆောင်၏ မိုးစပါး ၅ ဧက ရိတ်သိမ်းမှုအခြေအနေများကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်မိုးနွယ်နှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသိန်းလွင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)