မိတ္ထီလာ ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းအခမ်းအနားတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ ကြည်သိန်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက မိမိနှစ်သက်သည့် စာအုပ်များမှ အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းသားကျောင်းသူများ ဆွေးနွေးပြောကြားမှုအပေါ် မြို့နယ် စာအုပ်စာစောင်ချစ်မြတ် နိုးသူများအသင်းမှ ဒေါက်တာဇော်က သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် စာဖတ်ဝိုင်းတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာကြည်သိန်းဇော်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေး အပ်ခဲ့ပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ ဒေါက်တာဇော်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ စာအုပ်စာစောင်နှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လက်ခဲ့သည်။
အဆိုပါ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ဝိုင်းအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့မှ ပူးပေါင်း၍ ကျင်းပခဲ့ရာ ၎င်းစာဖတ်ဝိုင်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)