ရသေ့တောင် ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (Grade- 4) မှ(Grade -12)ထိ ကျောင်းသား၊ကျောင်းသူများသည် ယနေ့နံနက် ၉ နာရီက စတင်ကာ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။
ရသေ့တောင်မြို့နယ်တွင် အခြေခံပညာကျောင်း (၁၇၄)ကျောင်းရှိပြီး ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်သား၊ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာ/ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)