ကျွန်းလှမြို့နယ်၌ မိုးစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ကျွန်းလှ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဒေါ်ကြည်ကြည်မြင့်၏ မိုးစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ခင်း နှစ်ဧက၌ ယနေ့နံနက် ၇ နာရီခွဲက စံကွက်ရိတ်သိမ်းပွဲကျင်းပကြောင်း သိရသည်။

ထို စံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက တောင်သူများ ပျိုးသက်နုကောက်ကွက်ကြဲ (SRI) နည်းစနစ်ဖြင့်စိုက်ပျိုးရာမှာ ဒေသနှင့် ကိုက်ညီသည့် စပါးမျိုးများ စိုက်ပျိုးနိုင်ကြောင်း၊ အထွက်နှုန်းကောင်းမွန်ပြီး မြေ၊ အရင်းအနှီး၊ လုပ်အားခနှင့် ရေ အကန့်အသတ်ရှိသူများ အကျိုးအမြတ်ရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး (၆ ဒသမ ၆)ပေ ပတ်လည် စံကွက်ရိတ်သိမ်းရာ တစ်ဧက အခြောက်ထွက် (၁၁၃) တင်းထွက်ရှိကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ