ဝါးခယ်မ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့ သန့်ရှင်းသာယာလှပစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ဌာနဆိုင်ရာအဖွဲ့အစည်းများမှ Plastic Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများမှ ဝါးခယ်မမြို့ သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ လမ်းဘေးဝဲယာတစ်လျှောက် အမှိုက်များကောက်ခြင်း၊ အမှိုက်များအား စည်းကမ်းတကျ စွန့်ပစ်စေရန်၊ ယာဉ်ပေါ်တွင် အမှိုက်ပုံးများထားရှိစေရန်၊ ဈေးဆိုင်များအား အမှိုက်ပုံးများထားရှိ၍ စနစ်တကျစွန့်ပစ်စေရန်၊ လမ်းမကြီးဘေးဝဲယာတွင် အမှိုက်ပုံးများ ထားရှိစေရန် ဟောပြောခြင်း၊ အများပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရန်နှင့် အမှိုက်ကင်းစင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)