မုံရွာ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ “အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း” မုန့်လုပ်နည်းသင်တန်း ထူးချွန်သင်တန်းသား/သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ထူးချွန်သင်တန်းသား/သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်အနက် စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊အငယ်စား၊ အလတ်စားစီပွားရေးလုပ်ငန်း (MSME)များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေးကို များစွာအထောက်အကူပြုမှာ ဖြစ်သကဲ့သို့ မြို့ပြနှင့် ကျေးလက်နေ လူငယ်များထဲမှ ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိသည့် လူငယ်လူရွယ်များ၊ အမျိုးသမီးငယ်များ အိုးမကွာ အိမ်မကွာ မိသားစုဝင်ငွေတိုး စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေပြီး ခေတ်မီစံပြကျေးရွာနေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားလာစေပြီး အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် လူငယ်များ ဝင်ငွေတိုးလာစေကာ ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများပြန် လည်ထူထောင်ပေးနိုင်စေမည် ဖြစ်ပါကြောင်း၊ ၎င်းအပြင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနည်းပညာများ ပံ့ပိုးခြင်းဖြင့် လုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှုဖွံ့ ဖြိုးတိုးတက်လာခြင်းဖြင့် ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုးအသေးစားကုန် ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်းတို့ကို ရရှိစေမှာ ဖြစ်ပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကိုယ်ပိုင်လုပ်ငန်းထူ ထောင်လိုသည့် သင်တန်းသား/သူများ၏ စိတ်အားထက်သန်မှု၊ ကျေးရွာစီမံကိန်း အကောင် အထည်ဖော်ရေး ကော်မတီဝင်များ၏ မိမိဒေသဖွံ့ဖြိုးရေး သက်ဆိုင်ရာဌာန စီမံကိန်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဝင်များ၏ စနစ်တကျကြီးကြပ်ပေးမှုနှင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ ဒေသနှင့်လိုက်လျောညီထွေသည့် ထုတ်ကုန်အမယ်ရနိုင်မည့် နေရာဒေသရွေးချယ်မှုသည် အရေးကြီးသဖြင့် တာဝန်ရှိသူအားလုံးမှ လုပ်ငန်းများအောင်မြင်အောင် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးအဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးအောင်မောင်းက အသေးစား ထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းများမှ ထူးချွန်သင်တန်းသား/သင်တန်းသူများထံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ထူးခွန်ဆုများအား ထောက်ပံ့ပေးအပ် ချီးမြှင့်ခဲ့ကြပြီး ထူးချွန်သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထူးချွန်သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ “အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင် ငွေတိုးရေး စီမံကိန်း” မုန့်လုပ်နည်းသင်တန်း ထူးချွန်သင်တန်းသား၊ သင်တန်းသူများအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တန်ဖိုးငွေ ကျပ်သိန်း-၁၀၀ တန်ဖိုးရှိ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ် နိုင်သည့် စက်ပစ္စည်းများအား မုံရွာမြို့နယ်၊ ရွာတုံကျေးရွာနှင့် စားသောက်ကုန်ဘေးအန္တရာယ် ကင်းရှင်းရေးဇုန်တို့မှ လုပ်ငန်းရှင် ၁၀ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်