ဆိပ်ဖြူ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဥယျာဉ်ခြံမြေနှင့် ကိုင်းစိုက်ပျိုးမြေတို့၌ ငှက်ပျောပင်စိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူများ ငှက်ပျောပင်စိုက်ပျိုးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းကာ မိသားစုအတွက် အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ ဥယျာဉ်ခြံမြေ စိုက်ပျိုးလုပ်ကိုင်သူများနှင့် ကိုင်းစိုက်ပျိုးမြေလုပ်ကိုင်သူများသည် သာသာရေးလူမှုရေးလုပ်ငန်းများနှင့် ကျန်းမာရေးအတွက် အာဟာရဖြည့်စွက်စာအတွက် စားသုံးသူပြည်သူများတွက် ဈေးကွက်ဝင် ဖီးကြမ်းငှက်ပျောမျိုးများကို စိုက်ပျိုးဆောင်ရွက်ကြသည်။ လက်ရှိငှက်ပျောအလုံးအရေတွက်ပေါ်မူနည်၍ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ကျပ် အထိအရောင်းအဝယ်ဖြစ်ပြီး ငှက်ပျောတစ်ခိုင်လျှင် ငါးဖီးမှ ရှစ်ဖီးအထိသီးပြီး ငှက်ပျောတစ်ခိုင်လျှင် ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ ဝင်ငွေရရှိပြီး ငှက်ပျောထွက်ရှိမှု အခိုင်ရေများလျှင် ငှက်ပျောရောင်းဝယ်သူများထံ ရောင်းချရခြင်းဆောင်ရွက်ရပြီး ယခင်နှစ်ထက် ဈေးပိုပိုရရှိကြောင်း ယခုနှစ်အတွင်း၌ မိုခါမုန်တိုင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် ငှက်ပျောပင်စိုက်ပျိုးထာရှိမှုများ ထိခိုက်ခဲ့ရကာ ကျန်းမာရေးအတွက် အာဟာရဖြည့်စွက်စာအတွက် စားသုံးသူပြည်သူများနှင့် သာသာရေးလူမှုရေးများအတွက် လိုအပ်သည့်ငှက်ပျောသီးများကို ကျောက်ပန်းတောင်းဒေသနှင့် ပွင့်ဖြူမြို့နယ်တို့မှ ငှက်စိုက်တောင်သူများထံ မှာယူသုံးစွဲခဲ့ရပြီး ငှက်ပျောတစ်ဖီးလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိ ဈေးပေးဝယ်ခဲ့ရပြီး မိမိဒေသ၌ ငှက်ပျောစိုက်ပျိုးမှု ပြန်လည်ကောင်းမွန်ထွက်ရှိလာသည့်အတွက် စားသုံးသူများအနေဖြင့် သင့်တင့်သောဈေးနှုန်းတို့ဖြင့် အဆင်ပြေကြောင်း ငှက်ပျောပင်စိုက်ပျိုးသူများနှင့် ဒေသခံပြည်သူတို့ထံမှ ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)